COVID-19 နှင့် ပတ်သက်၍ ကျွန်တော်တို့ လူမှုအဖွဲ့အစည်းသို့ အသိပေးကြေညာချက်များ

Date : 15th-November-2021  

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော COVID-19 တတိယလှိုင်းအတွင်း uab bank Limited မှ ပြည်သူလူထုနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် လုံခြုံရေးအတွက် လိုအပ်သော အဆင့်များကို လုပ်ဆောင်လျှက်ရှိပါသည်။ Customer များအား ဝန်ဆောင်မှုဆက်လက်ပေးဆောင်ရန်၊ ဘဏ်ခွဲများဆက်လက်ဖွင့်နိုင်ရန်၊ customer များ မိမိ၏ အကောင့်ကို digital service များဖြင့် ၂၄ နာရီလုံး အသုံးပြုနိုင်ရန်အတွက် ဘဏ်မှ အဆက်မပြတ် ကြိုးစားလျှက်ရှိပါသည်။      

COVID – 19 ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ပြုလုပ်နိုင်ရန် အတွက် ယနေ့ အတွက် ခေတ္တယာယီ ပိတ်ထားသော ဘဏ်ခွဲများစာရင်းကို အောက်ဖော်ပြပါ ဇယျားတွင် ဖော်ပြ ထားပါသည်။ ၎င်းဘဏ်ခွဲများ အမြန်ဆုံးပြန်ဖွင့်နိုင်ရန် ကြိုးစားလျှက်ရှိပါသည်။

စဥ် ယာယီ ပိတ်ထားသော ဘဏ်ခွဲများ လိပ်စာ အပြည့်အစုံ
1 ပုဇွန်တောင် ဘဏ်ခွဲ အမှတ်(၅၄)၊ ရေကျော်လမ်းနှင့် ဦးရွှေဂွန်းလမ်းထောင့်၊ ပုဇွန်တောင်မြို့ နယ်၊ ရန်ကုန်မြို့။
2 ဒိုင်းမွန်းပလာဇာဘဏ်ခွဲ အမှတ် (ဂျီ-၀၉၇ မှ ဂျီ-၁၀၉ ထိ) ၊ မြေညီထပ်၊ ၇၈ လမ်း (၃၃ လမ်းနှင့် ၃၄ လမ်းကြား)၊ ချမ်းအေးသာဇံ၊ မန္တလေးမြို့။
3 မန္တလေး(၈၄)လမ်းဘဏ်ခွဲ အကွက်အမှတ်(၄၉)၊ ၃ရလမ်းနှင့်၈၄လမ်းကြား၊ ရတနာဘုမ္ပိ အနောက်ရပ်ကွက်၊မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
4 မန္တလေး(၁၂)လမ်းဘဏ်ခွဲ အကွက်အမှတ်(၅၃၃)၊ ၁၂လမ်း(၇၉x၈ဝ)လမ်း ကြား၊ အမရဌာနီအနောက် ရပ်ကွက်၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေးမြို့။
5 မင်္ဂလာစျေး (၇၃လမ်း) ဘဏ်ခွဲ အမှတ် ( ၉ )၊ အဆင့်မြင့်မင်္ဂလာစျေး၊ ၇၃ x ၃၁လမ်းထောင့်၊ ရန်မျိုးလုံ ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
6 မန္တလေး (ပြည်ကြီးမင်္ဂလာ) ဘဏ်ခွဲ တိုက်အမှတ်( ၁၁ )၊ လမ်းအမှတ် ( H )၊ ၆၂လမ်း x ၆၃လမ်းကြား၊ ပြည်ကြီးမင်္ဂလာ ယာဉ်ရပ်နားစခန်း၊ မန္တလေးမြို့။
7 လမ်း ၈၀ ဘဏ်ခွဲ အမှတ်(၈၂-ခ/၈၃-က)၊ (၈ဝ)လမ်း၊ ၂၈လမ်းနှင့် ၂၉လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
8 ၈၃လမ်း ဘဏ်ခွဲ အမှတ်(၂၆၈)၊ (၈၃)လမ်း၊ ၂၈လမ်းနှင့် ၂၉လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
9 ကျောက်ဆစ်တန်း ဘဏ်ခွဲ အမှတ်(၆၁၃)၊ (၈၄)လမ်း၊ (၄၄)လမ်းနှင့် (၄၅)လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
10 စက်မှုဇုန် ဘဏ်ခွဲ အမှတ်(ဓဓ-၇)၊(၆၂)လမ်းနှင့် ရတနာလမ်းထောင့်၊ စက်မှုဇုန်(၁)၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။

**အထက်ဖော်ပြပါ ဇယားသည် နောက်ဆုံးဖြစ်ပေါ်နေသော အခြေအနေကို တင်ပြထားခြင်းဖြစ်ပါသည်။

Stand Strong. Stay Safe.

#အတူတကွ ရင်ဆိုင်ကျော်ဖြတ်ကြပါစို့

COVID-19 ကပ်ရောဂါကြီးကြောင့် မြန်မာပြည်မှာသာမက ကမ္ဘာနဲ့တစ်ဝှမ်းရှိ နေ့စဥ်ဘဝများစွာနှင့် သမုဒ္ဒရာ ဝမ်းတစ်ထွှာအတွက် ရုံးကန်နေရသော လူတိုင်းအတွက် ရိုက်ခက်မှုများစွာ ကြုံတွေ့နေရပါသည်။ တတိယလှိုင်းစတင်သည့် အချိန်မှ စ၍ uab bank သည် Business Continuity Plan (BCP) နှင့် Crisis Control Unit (CCU) များကို ပြန်လည် အကောင်အထည်ဖော်ခဲ့ပါသည်။ CCU ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး အခြေအနေကို အနီးကပ်လေ့လာစောင့်ကြည့် သွားမှာဖြစ်ပါတယ်။ ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ‌သေချာ ဂရုစိုက်သွားမည် ဖြစ်ပါသည်။

ပထမ လှိုင်းနှင့် ဒုတိယ လှိုင်းတို့၏ အ‌တွေ့အကြုံများကို သင်ခန်းစာယူ၍ လိုအပ်သော လုပ်ဆောင်ချက်များကို ပြုလုပ်သွားမည် ဖြစ်ပါသည်။

ကျွန်တော်တို့ ဘဏ်မှ အများပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော ၀န်ဆောင်မှုများ ဆက်လက်ပေးဆောင်သွားမည် ဖြစ်ပါသည်။ uab bank ၏ ဘဏ်ခွဲများ၌လည်း လိုအပ်သည့် ကြိုတင်ကာကွယ်ရေးအစီအမံများကို ဆောင်ရွက်ရန် ညွှန်ကြားချမှတ် ထားပြီး၊ ၎င်းတို့မှာ-

  • လက်အိတ်၊ face mask နှင့် လက်သန့်စင်ဆေးရည်များ ထားရှိပေးထားခြင်း
  • ဘဏ်သို့လာ‌ ရောက်သော customer များနှင့်ဝန်ထမ်းများ အနေဖြင့် mask မတပ်မနေရစနစ်ကျင့်သုံးစေခြင်း
  • Social distancing ကိုတိတိကျကျလိုက်နာ၍ ဝန်ဆောင်မှုပေးစေခြင်း
  • ဘဏ်သို့လာရောက်သူ customer များနှင့် ဝန်ဆောင်မှုပေးသူဝန်ထမ်းများအား နာမည်စာရင်းပြုလုပ်မှတ်သားခြင်း

Customer များ လိုအပ်ချက်များ ဖြည့်စီးပေနိုင်ရန်နှင့် ဝန်ထမ်းများ လုပ်ငန်းခွင်အပြောင်းအလဲတွင် လုပ်ထုံးအသစ်များ လကခံကျင်းသုံးရာတွင် အဆင်ပြေနိုင်ရန် တို့အတွက် ရုံးချုပ်မှ ဦးဆောင်၍ နေ့စဉ် လုပ်ငန်း ဆောင်တာများ အဆင်ပြေစေရန် နည်းပညာများကို ပိုမို အသုံးချနိုင်ရန် ကြိုးစားလျှက်ရှိပါသည်။

Connect. Create. Change. ဆိုသည့် ကျွန်တော်တို့ ဆောင်ပုဒ်အတိုင်း လိုက်နာကျင့်သုံးနိုင်ရန် ကြိုးစားသွားပါမည်။

Go Digital.

Customer များအဆင်ပြေလွယ်ကူစေရန် နှင့် ထိတွေ့ဆုံမှုများ လျှော့ချနိုင်ရန်အတွက် uab ၏ digital ဝန်ဆောင်မှုများအား အသုံးပြုရန် တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။

We Care.

၀န်ထမ်းများ၊ customerများနှင့် ဧည့်သည်များ၏ ကျန်းမာရေးနှင့် လုံခြုံမှုသည် အဓိကဦးစားပေးဖြစ်ပါသည်။ uab bank စီမံခန့်ခွဲမှု အဖွဲ့သည် MOHS မှ COVID-19 ကာကွယ် တားဆီးရေးနှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ အကြံပေးချက်များနှင့် လမ်းညွှန် ချက်များကို တင်းကျပ်စွာလိုက်နာနေပြီး ကျွန်ုပ်တို့၏ ဘဏ်ခွဲများ၊ ဘဏ်လုပ်ငန်း လည်ပတ်မှုများနှင့် ပတ်သက် ၍လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များကို တင်းကျပ်စွာ လိုက်နာလျှက်ရှိပါသည်။

Stay Connected.

နောက်ဆုံးရသတင်းများကို uab bank website ပေါ်တွင် အချိန်နှင့်တပြေးညီ တင်ပြပေးသွားပါမည်။ ကျွန်တော်တို့၏ ATM များနှင့် mobile banking ဝန်ဆောင်မှုများအားလုံးကို ၂၄ နာရီပတ်လုံး အဆင်သင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ စုံစမ်းမေးမြန်းလိုပါက Call Center သို့ Facebook messenger မှ ၄င်း ဖုန်း 01 855 1336 ~ 39 သို့ ဆက်သွယ်နိုင်ပါသည်။ [email protected] သို့လည်း mail ပို့၍ စုံစမ်းနိုင်ပါသည်။

#LeadingChange #HumanisingBanking #TogetherWeThrive

အတူတကွ ရင်ဆိုင်ကျော်ဖြတ်ကြပါစို့

Leading Change, Humanising Banking