Careers / မတူကွဲပြားခြင်းနှင့် အားလုံးပါဝင်ခြင်း

Our Identity

uab ရှိ ၀န်ထမ်းများသည် မိမိတို့၏ စွမ်းဆောင်ရည်ကို အကောင်းဆုံး အသုံးချနိုင်သော၊ မိမိတို့၏အသက်မွေးဝမ်းကျောင်းအလုပ်အကိုင် အလားလာအတွက် အဓိပ္ပါ ယ်ရှိပြီး ချီးမြှောက်သည့် အလေ့ကျင့်ရှိဖို့ကို နားလည်သည့် အားလုံးပါဝင်နိုင်သည့် မတူကွဲပြားသော ဝန်ထမ်းအင်အားစုကို ဖန်တီးရန် ကျွန်ပ်တို့မှကတိကဝတ်ပြုပါသည်။ကျွန်ပ်တို့၏ မတူကွဲပြားမှုတန်ဖိုးများက လူတစ်ဉီး ချင်းစီ၏ထူးခြားမှုကိုနားလည်ရန် နှင့်ကျွန်ပ်တို့၏အချင်းချင်းကွဲပြားမှုကို အသိမှတ်ပြုခြင်းသည် သဟဇာတ ရှိပြီးအကျိုးဖြစ်ထွန်းသော အလုပ်နေရာဝန်းကျင် ဖန်တီးပေးစေသောသော့ချက်ဖြစ်ကြောင်းကျွန်ပ်တို့အား လမ်းညွှန်လျှက်ရှိပါသည်။

ကျွန်ပ်တို့လူများ၏ မတူကွဲပြားမှုများသည် ကျွန်ပ်တို့၏စီးပွားရေးပြိုင်ဆိုင်နိုင်စွမ်းကိုပိုမိုတိုးတက်စေ သည့်အပြင် Customer များ၏ ဘဏ်လုပ်ငန်းဝန်ဆောင်မှုလိုအပ်ချက်အမျိုးမျိုးကို ကိုက်ညီမှုရှိအောင်ပိုမိုဖြည့်စည်းပေးနိုင်ပါသည်။ ကျွန်ပ်တို့၏၀န်ထမ်းများသည် ဘဏ်တွင်အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်အခွင့်အလမ်းများအား သာတူညီမျှရရှိကြပါသည်။ ဝန်ထမ်းခေါ်ယူခြင်း မှသည် ၎င်းတို့၏ တိုးတက်မှုအဆင့်တိုင်းသည် ၎င်းတို့၏စွမ်းဆောင်ရည်ပေါ်တွင်သာ အဓိကအားဖြင့် မှုတည်ပါသည်။

ဘဏ်အနေဖြင့် ကျွန်ပ်တို့၏ဌာန လုပ်ငန်းစဉ်များနှင့် လုပ်ဆောင်မှုများတွင် မတူကွဲပြားမှုနှင့်အားလုံးပါဝင်နိုင်စေသည့် အလေ့အကျင့်ကိုပြုလုပ်ရန် တင်းကျပ်စွာလမ်းညွှန်မှုပြုလုပ်ထားပါသည်။