Sustainability ဝန်ထမ်းများ/ မတူကွဲပြားခြင်းနှင့် အားလုံးပါဝင်ခြင်း 

မတူကွဲပြားခြင်းနှင့် အားလုံးပါဝင်ခြင်း

ကွဲပြားခြားနားသော ထင်မြင်ယူဆချက်များကို ကျွန်ပ်တို့တန်ဖိုးထားပါသည်။ မတူကွဲပြားခြင်းသည် ကျား/မ လူမျိုး ခွဲခြားခြင်းမဟုတ်သည့်အပြင် စိတ်နေသဘောထားနှင့် နောက်ခံအကြောင်းတရား ကွဲပြားခြင်းသာ ဖြစ်ပါသည်။

ကျွန်ုပ်တို့အဖွဲ့အစည်းသည် လုပ်ငန်းအတွေ့အကြုံအမျိုးမျိုး၊ ကျွမ်းကျင်မှုနယ်ပယ်အမျိုးမျိုးနှင့် ယဉ်ကျေးမှု နောက်ခံအမျိုးမျိုးရှိသောပညာရှင်များ ဖြင့်ဖွဲ့စည်းထား သောကြောင့် များစွာသောသတင်းအချက်အလက်ရင်းမြစ်များနှင့် ရယူလိုသောဗဟုသုတ များစွာ ရှိသည်ဟုကျွန်ုပ်တို့ နားလည်ထားရှိပါသည်။

မတူကွဲပြားမှုအတွက်ကျွန်ုပ်တို့၏ကတိကဝတ်

လူမျိုးရေးခွဲခြားမှု၊ လိင်ခွဲခြားမှုနှင့်ခွဲခြားဆက်ဆံမှုပုံစံများ ကိုဖယ်ရှားရန်ဘဏ်သည် ကတိကဝတ်ပြု ထားပါသည်။ အသက်အရွယ်၊အသားအရောင်၊မသန်စွမ်းမှု၊လူမျိုး၊ ဇာစ်မြစ်၊ ကျား၊ မခွဲခြားမှု၊ ယဉ်ကျေးမှု၊ ကျန်းမာရေး၊ အိမ်ထောင်ရေးအခြေအနေ၊ လူမှုရေး သို့မဟုတ် စီးပွားရေး အခြေအနေ၊ နိုင်ငံသားသို့မဟုတ်နိုင်ငံသားအရင်းမြစ်၊ ဘာသာရေးသက်ဝင်ယုံကြည်မှု သို့မဟုတ် မယုံကြည်မှု၊ မှီခို သူများ၏တာဝန်ရှိမှု၊ လိင်၊ အလုပ်သမားသမဂ္ဂ၊ အသင်း၀င် သို့မဟုတ် အလုပ်ချိန် စသည့်တို နှင့် ပတ်သက်၍ ဘဏ်အနေဖြင့် မည်သည့်ခွဲခြားဆက်ဆံခြင်းမျှမှမရှိစေရပါ။ ၀န်ထမ်းအားလုံးသည် ဤပေါ်လစီကိုဘဏ်နှင့်အတူအလုပ်ခန့်ထားစဉ် နှင့် လုပ်ငန်းတာ၀န်များထမ်း ဆောင်နေစဉ်အတွင်း လိုက်နာစောင့်ထိန်းသွားရန်လိုအပ်ပါသည်။

Statistics
Age Distribution By Gender
Gender Balance by Job Type

*As at 31st March 2022