uab ဘဏ်အကြောင်း / ကျွန်ုပ်တို့အကြောင်း
uab bank သည် မြန်မာနိုင်ငံဈေးကွက်ကိုဦးဆောင်နေသည့် ဘဏ်တစ်ခု ဖြစ်ပါသည်။ ပြောင်းလဲလာသော စည်းမျဉ်းစည်းကမ်းများနှင့် နည်းစနစ်တို့အကြား မြန်မာ့ ဘဏ်လုပ်ငန်း ကဏ္ဍများတွင် ပြုပြင်ပြောင်းလဲမှု၊ ဦးဆောင်မှုများဖြင့် အသိမှတ်ပြုခံရခြင်းတို့သည် uab bank အား ‘Myanmar’s Best Bank’ အဖြစ် Euromoney မှလည်းကောင်း၊ ‘Best Bank for Corporate Governance Myanmar’ အဖြစ် Global Banking & Finance မှလည်းကောင်း၊ ‘Mid-sized Domestic Retail Bank of the Year’ အဖြစ် Asian Banking & Finance မှလည်းကောင်း၊ Corporate Governance Disclosure တွင် နံပါတ် (၁) ဖြင့် Myanmar Centre for Responsible Business မှ စီရင်တင်ပြခဲ့သည့် ပွင့်သစ်စ (TiME) အစီရင်ခံစာ မှလည်းကောင်း အသီးသီး သတ်မှတ်ချီးမြှောက်ခဲ့ခြင်း တို့ကြောင့်ဖြစ်ပါသည်။
၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါတွင် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း ၄၇ မြို့နယ်တွင် ဘဏ်ခွဲပေါင်း ၇၈ ဘဏ်ထိ တိုးချဲ့၍ customer များ ၏ လိုအပ်ချက်နဲ့အညီ Consumer Banking၊ Premier Banking၊ SME Banking၊ Corporate Banking၊ Trade Finance နှင့် Treasure Services စသည့် အဓိကကျသော ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများအား စနစ်တကျလက်ခံ ဆောင်ရွက် ပေးလျက်ရှိပါသည်။ uab ၏ လုပ်ငန်း အခွဲဖြစ်သည့် uab securities မှတဆင့်လည်း Brokerage Services၊ Corporate and Financial Advisory၊ Investment Banking နှင့် Capital Market ဆိုင်ရာဝန်ဆောင်မှုများအား လက်ခံဆောင်ရွက်ပေးလျက်ရှိနေပါသည်။
uab bank အနေဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံဆီသို့ ဦးတည်သွားရန်၊ လူ့အကျိုးပြု ဘဏ်လုပ်ငန်းကို လုပ်ဆောင်ရန်၊ ပြည်သူများနှင့် ဆက်သွယ်ဆောင်ရွက်ရန်၊ အခွင့်အလမ်းကောင်းများ ဖန်တီးပေးရန်နှင့် ပိုမိုကောင်းမွန်သော ဘဝများဆီသို့ ပြောင်းလဲပေးရန်တို့ကို ဖော်ဆောင်ပေးနိုင်မည်ဟုယုံကြည်ပါသည်။ ပိုမိုကောင်းမွန်သည့် မြန်မာနိုင်ငံအား ဖော်ဆောင်လိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် “Be The Change Myanmar” ၏ ပဏာမခြေလှမ်းအား စတင်ခဲ့ပြီး အမျိုးသမီးများနှင့် ကလေးငယ်များအား အကျိုးပြုသည့် လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်ခဲ့ပါသည်။ uab bank အနေဖြင့် အနာဂတ်တွင်လည်း ကျွန်ုပ်တို့နေထိုင်သည့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် တာဝန်သိမှုအပြည့်ဖြင့် အကျိုးပြုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားနိုင်လိမ့်မည် ဟုလည်း ယုံကြည်မိပါသည်။
ပိုမိုဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံဆီသို့ ဦးတည်သွားရန်၊ လူ့အကျိုးပြု ဘဏ်လုပ်ငန်းကို လုပ်ဆောင်ရန်၊ ပြည်သူများနှင့် ဆက်သွယ်ဆောင်ရွက်ရန်၊ အခွင့်အလမ်း ကောင်းများ ဖန်တီးပေးရန်နှင့် ပိုမိုကောင်းမွန်သော ဘဝများဆီသို့ ပြောင်းလဲပေးရန် စသည်များ ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ပါသည်။
uab သည် ဝန်ထမ်းuabianများ၊ customerများ၊ ကျွန်ုပ်တို့နေထိုင်သည့် လူ့အဖွဲ့အစည်းတစ်ခုလုံးနှင့် ချိတ်ဆက်ကာ ခိုင်မာပြီး အဓိပ္ပာယ် ပြည့်ဝသောဆက်ဆံရေးများကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါသည်။ ကျွန်ုပ်တို့သည် အချင်းချင်း ကြိုးစားအားထုတ်မှုနှင့် ထင်မြင်ယူဆချက် များကို တန်ဖိုးထားကာ အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အားလုံးပါဝင်သောအောင်မြင်မှုအတွက် ကြိုးစားနေပါသည်။
uab သည် တိုးတက်မှုများကို ဖန်တီးရန်၊ ပြဿနာများကို ဖြေရှင်းရန်နှင့် ဘဏ်လုပ်ငန်းကို လွယ်ကူရှင်းလင်းစေရန်အတွက် လက်တွေ့ကျသော နည်းလမ်းများကို ရှာဖွေရန်အမြဲကြိုးစားသည့် တီထွင်ဖန်တီးမှုကို တန်ဖိုးထားပါသည်။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းကို ဆန်းသစ် တီထွင်ပြီး ပြန်လည်သတ်မှတ်ရန်နှင့် ဈေးကွက်နှင့် ကျွန်ုပ်တို့၏customerများအတွက် အတွေးအခေါ်သစ်များနှင့် အခွင့်အလမ်းများကိုဖန်တီး ပေးနိုင်ရန် မျှော်လင့်ပါသည်။
အပြောင်းအလဲများသည် ခက်ခဲသော်လည်း uab သည် လိုအပ်သောအခါ ပြောင်းလဲမှုကို ဦးဆောင်လမ်းပြရန် သတ္တိရှိပါသည်။ ကျွန်ုပ်တို့သည် ကိုယ်ပိုင်အတွေးအခေါ်များနှင့် အနာဂတ်အတွက် မျှော်တွေးတတ်ပြီး လက်ရှိတွင် စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်မည့် လူများကို လိုအပ်ပါသည်။ ကျွန်ုပ်တို့သည် စွမ်းဆောင်ရည်မောင်းနှင်ပေးသောဓလေ့ကို ယုံကြည်သည့်အပြင် ပြည်သူများနှင့် နိုင်ငံအတွက် ရေရှည်တည်တံ့ခိုင်မြဲသော အနာဂတ်ကိုတည်ဆောက်နိုင်ရန် သမာသမတ်ရှိမှုနှင့် စီမံခန့်ခွဲနိုင်မှုတို့သည်လည်း အရေးပါကြောင်းလက်ခံထားပါသည်။
ထို့အပြင် ကျွန်ုပ်တို့၏ စံနှုန်းများသည် #LeadingChange #HumanisingBanking ကိုဦးတည်နေသည့် ကျွန်ုပ်တို့၏ကတိကဝတ်ကိုဖော်ပြနေပါသည်။
uab ဘဏ်၏ ရှယ်ယာရှင်များမှာ
အမည် | ရှယ်ယာပိုင်ဆိုင်မှု | |
1. | ဦးနေအောင် | 90% |
2. | ဒေါ်ခင်မိုးညွန့် | 10% |
အထက်တွင်ဖော်ပြထားသော အစုရှယ်ယာရှင်များသည် ဘဏ်၏ တိုက်ရိုက်အကျိုးခံစားခွင့်ရှိသော ပိုင်ရှင်များဖြစ်သည်။
ဘဏ်၏ ဒါရိုက်တာများလည်းဖြစ်သည့် အထက်ဖော်ပြပါ ရှယ်ယာရှင်များမှလွဲ၍ အခြား ဒါရိုက်တာဘုတ်အဖွဲ့ဝင်များသည် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ရှယ်ယာရှင် များမဟုတ်ပါ။
ဘဏ်၏ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များမှ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ အစုရှယ်ယာပိုင်ဆိုင်မှု မရှိကြပါ။